နောက်ဆုံးရသတင်းများ (Latest News)

တင်ဒါခေါ်ယူခြင်းများ (Call for Tenders)

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (Public Services)

အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန

စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၏ သတင်းအချက်အလက်ဆိုင်ရာများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို
website: www.myanmarstandards.org.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ဓာတ်ခွဲတိုင်းတာစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ အမျိုးသားဓာတ်ခွဲခန်းမှ ဓာတ်ခွဲဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကကုမ္ပဏီများ၊ တက္ကသိုလ်/ကောလိပ်များနှင့် သုတေသနဌာနများမှ ပေးပို့သည့် နမူနာများ၊ စက်မှုလုပ်ငန်းများ၏ သွင်းကုန်ထုတ်ကုန်ပစ္စည်းများ၊ သတ္တုရိုင်း နမူနာများ၊ ဓာတုပစ္စည်းများ၊ အစားအသောက်နှင့်အလှကုန်များစသည့် နမူနာပစ္စည်းအမျိုးမျိုးကို တိုင်းတာလိုသည့် အမျိုးအစားအလိုက် ဓာတ်ခွဲခန်း အသီးသီးမှ တာဝန်ယူ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ထို့အပြင် သွင်းကုန်လိုင်စင်အတွက် ကုမ္ပဏီများမှ တင်သွင်းမည့်ဓာတုပစ္စည်းများအား အရည်အသွေး ဓာတ်ခွဲစမ်းသပ် တိုင်းတာဆောင်ရွက်ရန် အမျိုးသားဓာတ်ခွဲခန်း (NAL) အား ရည်ညွှန်းဓာတ်ခွဲခန်း(Reference Lab) အဖြစ် သတ်မှတ်ထားပြီး လိုအပ်သောတိုင်းတာစမ်းသပ်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အမျိုးသားဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးရာတွင် စာရွက်စာတမ်း အထောက်အထားများ လက်ခံခြင်းကို Online System ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဝန်ဆောင်မှုလျှောက်ထားရမည့် Online Address

    စာရွက်စာတမ်းအပြည့်အစုံကို အမျိုးသားဓာတ်ခွဲခန်း၊ အထွေထွေစီမံရေးရာဌာနရှိ e-mail address: nalservice2021@gmail.com သို့ ပေးပို့လျှောက်ထားပြီး၊ ဖုန်းနံပါတ်- ၀၁- ၆၆၇၂၄၇ (သို့မဟုတ်) ၀၉- ၅၃၉၄၅၀၃ သို့ ဆက်သွယ်၍ စာရွက်စာတမ်း စစ်ဆေးအတည်ပြုရမည်။

  • ဝန်ဆောင်မှုလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

    -ပုဂ္ဂလိက ပြည်ပမှသွင်းကုန်ပစ္စည်းများအတွက်- (Customer Application Letter, Test Request Form, Certificate of Analysis, Material Safety Data Sheet)
    - ပုဂ္ဂလိကပြည်တွင်း ထုတ်ကုန်ပစ္စည်းများအတွက်- (Customer Application Letter, Test Request Form)
    - တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများအတွက်- (ကျောင်းသား/ကျောင်းသူ၏ လျှောက်လွှာနှင့်သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်၏ ထောက်ခံစာ၊ Test Request Form )

  • ဓာတ်ခွဲဝန်ဆောင်မှုအတွက် ဓာတ်ခွဲဝန်ဆောင်ခပေးသွင်းခြင်းနှင့် နမူနာပစ္စည်းပေးပို့ခြင်း

    လုပ်ငန်းအပ်နှံခြင်းအတွက် စာရွက်စာတမ်းပြည့်စုံပါက၊ ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတိုင်းတာနိုင်ကြောင်းနှင့် မည့်သည့် နည်းစဉ်/စက်ကိရိယာများဖြင့် စစ်ဆေးတိုင်းတာပေးမည်ဆိုသည်ကို မှတ်ချက်ရယူပြီး ကျသင့်ငွေ ပမာဏကို ငွေတောင်းခံလွှာထွက်ပေးမည်ဖြစ်ပါသည်။ ငွေတောင်းခံလွှာထွက်ပြီးပါက ကျသင့်ငွေကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ငွေစာရင်းဌာနသို့ ပေးသွင်းပြီး၊ တိုင်းတာမည့် နမူနာပစ္စည်းများ ကိုလည်း အမျိုးသားဓာတ်ခွဲခန်းသို့ တပါတည်း ပေးပို့ရမည်ဖြစ်ပါသည်။

  • Analysis Report များ ထုတ်ယူခြင်း

    ဝန်ဆောင်မှုလုပ်ငန်းပြီးစီး၍ Analysis Report များ ထုတ်ယူရာတွင် Customer များအနေဖြင့် အမျိုးသား ဓာတ်ခွဲခန်း၊ အထွေထွေစီမံရေးရာဌာန၏ အထက်တွင်ဖော်ပြခဲ့သည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း၍ ထုတ်ယူနိုင်ပါသည်။ (ယင်းသို့ထုတ်ယူရာတွင် အမျိုးသားဓာတ်ခွဲခန်းမှ ငွေတောင်းခံလွှာနှင့် ငွေစာရင်းဌာနမှ ငွေသွင်းချလန် မူရင်းတို့ကို တင်ပြရန် လိုအပ်ပါသည်။) မှတ်ချက်- သိရှိလိုသော အချက်များရှိပါက အမျိုးသားဓာတ်ခွဲခန်းရှိ အောက်ပါ ဖုန်းနံပါတ်များ - ၀၁-၆၆၇၂၄၇၊ ၀၉- ၄၂၅၂၇၅၈၉၉၊ ၀၉-၉၇၂၃၆၇၇၉၁၊ ၀၉- ၅၃၉၄၅၀၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အဏုဇီဝမှိုသုတေသနဓါတ်ခွဲခန်း (Mycology Lab)

  • သီးနှံဖျက်မှိုရောဂါပိုးများ၊ မြေအောင်းမှိုများအား ကာကွယ်နှိမ်နင်းနိုင်သောအကျိုးပြု အဏုဇီဝမှို (Trichoderma Logibrachiatum) ပါဝင်သည့်ဇီဝမှိုသတ်ဆေး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း။

  • မှိုမျိုးစိတ်ခွဲခြားခြင်းနှင့် မှိုသတ်နိုင်စွမ်းအား အရည်အသွေးနှင့် ပမာဏပါတိုင်းတာစစ်ဆေးပေးခြင်း။

အဏုဇီဝဓါတ်ခွဲခန်း (Microbiology Lab)

  • အပင်ရှင်သန်ကြီးထွားမှုကို အထောက်အကူပြုသော အဏုဇီဝပိုးအရည်များကို ရောင်းချပေးခြင်း

  • တက္ကသိုလ်များမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေသော ကျောင်းသား၊ ကျောင်းသူများ၏ samples များ၊ ပြင်ပရှိ တောင်သူလယ်သမားများကိုယ်တိုင် ပြုလုပ်ထားသော ဇီဝမြေဩဇာများနှင့် စိုက်ပျိုးမြေများတွင် ပါဝင်သော စုစုပေါင်း ဘက်တီးရီးယားအရေအတွက် (culturable total bacterial count)၊ နိုက်ထရိုဂျင် ဖမ်းယူနိုင်သော ဘက်တီးရီးယားအရေအတွက် (Nitrogen fixing bacterial count)၊ ဖော့စဖိတ် ဖျော်ပေးနိုင်သော ဘက်တီးရီးယားအရေအတွက် (Phosphate solubilizing bacterial count)၊ ပိုတက်ဆီယမ် ဖျော်ပေးနိုင်သော ဘက်တီးရီးယားအရေအတွက် (K-decomposing bacterial count) တို့နှင့် စုစုပေါင်း တဆေးအရေအတွက် (Total Yeast Count)တို့ကို တိုင်းတာစစ်ဆေးပေးခြင်း။

အပင်တစ်သျှူးမျိုးပွားသုတေသနဓါတ်ခွဲခန်း (Plant Tissue Culture Lab)

  • အပင်တစ်သျှူးမျိုးပွားသုတေသနဓါတ်ခွဲခန်းတည်ဆောက်ခြင်းအတွက် ဆွေးနွေးဆောင်ရွက်ပေးခြင်း

  • အပင်တစ်သျှူးမျိုးပွားသုတေသနပညာရပ်များအား အပင်စိုက်ပျိုးသူများနှင့် ဓါတ်ခွဲခန်း လုပ်ကိုင် မည့်သူများကို စာတွေ့/လက်တွေ့ သင်ကြားပြသပေးခြင်း

  • လိုချင်သည့် အပင်မျိုးစိပ်များကို အပင်တစ်သျှူးမျိုးပွားနည်းဖြင့် လိုချင်သောအရေအတွက်အား ပွားများပေးခြင်း

  • ကုမ္ပဏီများမှ အပင်တစ်သျှူးမျိုးပွားသုတေသနဆိုင်ရာကိစ္စရပ်များနှင့် ပက်သက်၍ လိုအပ်သော အချက်အလက် များနှင့် အသုံးအဆောင်များအတွက် အကြံဥာဏ်များပေးခြင်းနှင့် စီစဥ်ဆောင်ရွက်ပေးခြင်း

  • အပင်တစ်သျှူးမျိုးပွားရာတွင် အပင်အလိုက် အသုံးပြုရမည့် အာဟာရပြင် (Customized Culture Media) များကို တီထွင်ဖန်တီးပေးခြင်း

ပရဆေးသုတေသနဓါတ်ခွဲခန်း (Pharmaceutical Research Lab)

  • နမူနာပစ္စည်းများမှရောဂါပိုးများအပေါ်ဆန့်ကျင်မှု/ကာကွယ်နိုင်မှုစမ်းသပ်ခြင်း

  • ဓာတ်တိုးဆန့်ကျင်မှုစမ်းသပ်ခြင်း

  • ဖီနောလစ်ပမာဏတိုင်းတာခြင်း

  • အစားအစာနှင့်အလှပြင်ပစ္စည်းများမှရောဂါဖြစ်စေသောအဏုဇီဝပိုး စမ်းသပ်တိုင်းတာပေးခြင်း

စိုက်ပျိုးရေးသုတေသနဓါတ်ခွဲခန်း (Agriculture Research Lab)

စိုက်ပျိုးမြေကြီးထဲမှ
  • နိုက်ထရိုဂျင်
  • ပျော်ဝင်နိုင်သောဖော့စဖိတ်၊ပိုတက်ရှ်
  • ချဥ်ငံဖန်နှုန်း
  • အော်ဂဲနစ်ပစ္စည်း
  • မြေကြီးအမျိုးအစား
  • ကာဗွန်၊နိုက်ထရိုဂျင်အချိုးအစား